အယ်လ်ဘေးနီးယား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ ယူအေအီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement) အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက်(၂၄-၈-၂၀၂၃ ရက်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ၂၃--၂ဝ၂၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံဖြစ်သည့် အယ်လ်ဘေးနီးယား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ ယူအေအီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement) ကို ဗြိတိန်နိုင်ငံက ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။

​တံခါးပိတ်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံသို့ ၁၅--၂ဝ၂၃ ရက်မှ ၁၇--၂ဝ၂၃ ရက်အထိ လာရောက်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေးမှူး Under Secretary General Mr. Martin Griffiths နှင့် ကုလသမဂ္ဂနိုင်ငံရေးနှင့် ငြိမ်းချမ်း‌ရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary-General Mr. Khaled Khiari တို့ကို ရှင်းလင်းဆွေးနွေးစေခဲ့ကြောင်းသိရှိရသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၃) နိုင်ငံ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဝင်ရောက် စွက်ဖက်ပြီး မှန်ကန်မှုမရှိသောဖော်ပြချက်များ ပါရှိသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ လူမဆန်သောတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၆၃ဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ် သည်။ မြန်မာအစိုးရအနေဖြင့် အများပြည်သူ၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ် သည့်လုံခြုံရေးဆိုင်ရာအရေးယူမှုများကို အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေး ကောင်စီအဖွဲ့ဝင်အချို့၏ ထုတ်ပြန်ချက်သည် ယင်းအကြမ်းဖက်မှုများကို မျက်ကွယ်ပြုထားသဖြင့် ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာတွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အကြိမ် ၂ဝ ကျော်ဖြင့် အကျဉ်းသား ၇၆,ဝဝဝ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း၊ ယနေ့အထိ နိုင်ငံရေးပါတီ ၃ဝ ကျော်ကို ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အကြိမ်ပေါင်း ၁၁၉ ကြိမ် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ ၅ဝဝ,ဝဝဝ ကျော်အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်များတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီချက်များကို ကိုင်စွဲ၍ ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ် များတွင် ရုံးခွဲများဖွင့်လှစ်ခွင့်ပြုထားပြီး ခရီးသွားလာခွင့်များပေးအပ်လျက်ရှိရာ ရန်ကုန်မြို့ရှိ ဗြိတိန်နှင့် ဆွစ်ဇာလန်သံတမန်များအပါအဝင်ဖြစ်သည်။ လူသားချင်းစာနာမှုလိုအပ်သူများအရေအတွက်ကို တွက် ချက်ရာတွင် ဖွံ့ဖြိုးရေးအကူအညီလိုအပ်သူများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြင့် ကိန်းဂဏန်း များ အဆမတန်ဖောင်းပွလျက်ရှိပြီး မြေပြင်အနေအထားနှင့်ကိုက်ညီမှုမရှိကြောင်း ဖော်ပြအပ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် လက်တွေ့ကျသောပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် လိုအပ် သောပြည်သူများအတွက် အကူအညီများရရှိစေရန် UNOCHA အကြီးအကဲ၏ ခရီးစဉ်ကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏အခြေအနေသည် ဒေသတွင်းနှင့်နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်သည်။ လုံခြုံရေးဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် နိုင်ငံရေး သွတ်သွင်းမှုများစွာပါဝင်သည်။ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များသည် အခြားကုလသမဂ္ဂရုံးများ၏ လုပ်ပိုင်ခွင့်များတွင် ပါဝင်ပြီးဖြစ်၍ ယခုလုံခြုံရေးကောင်စီတွင် ဆွေးနွေး ခြင်းမှာ ဆီလျော်မှုမရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက်ရာတွင် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒရပ်တည်ချက် များနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။

 

 

 

You are here: Home အယ်လ်ဘေးနီးယား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ ယူအေအီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement) အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက်(၂၄-၈-၂၀၂၃ ရက်)

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time