မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက် (၁၈-၇-၂၀၂၄ ရက်)

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံ အချို့က ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံ သံအမတ် Mr. Robert Wood က ၁၅--၂၀၂၄ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ကျင်းပသည့် နေရာ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ် စွပ်စွဲ ချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော ဖော်ပြချက်များ ပါရှိသည်။ မြန်မာအစိုးရသည် မြန်မာ နိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သည့် ပြည်သူလူထုထံ ခွဲခြားမှုမရှိဘဲ အကူအညီများရောက်ရှိရေး အစဉ်တစိုက်အလေးထားလျက် ကုလသမဂ္ဂနှင့်လည်းကောင်း၊ မြန်မာ နိုင်ငံအပေါ် စစ်မှန်သည့်စိတ်ထားဖြင့် အကူအညီပေးလိုသည့် နိုင်ငံများနှင့်လည်းကောင်း၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာအစိုးရသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်သူများအတွက် အကူအညီများကို အာဆီယံလူသားချင်းစာနာ ထောက်ထား မှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် ရယူလျက်ရှိသည်။

မြန်မာအစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ပြည်တွင်းခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေးအခြေအနေအပေါ်မူတည်၍ အတတ်နိုင်ဆုံး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာ အစိုးရအနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လုံခြုံ ရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ နိုင်ငံ၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ လူမဆန်သော တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အပြစ်မဲ့ပြည်သူပေါင်း ၇၈၈၀ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အဆိုပါ ပူးတွဲသတင်း ထုတ်ပြန်ချက်သည် ယင်းအကြမ်းဖက်မှုလုပ်ရပ်များကို မျက်ကွယ်ပြုထားသည်ကို တွေ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး သွတ်သွင်းမှုများစွာ ပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များကို ဆောင်ရွက် ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို ထင်ဟပ်ဖော်ပြခြင်းမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့် သတင်းမှားများကို အခြေခံပြီး၊ နိုင်ငံရေးသဘောသက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက် အပေါ် ပြင်းထန်စွာကန့်ကွက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

You are here: Home မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက် (၁၈-၇-၂၀၂၄ ရက်)

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time