ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင် (၁၅-၁-၂၀၂၄ ရက်)

မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒအရ ထိုင်ဝမ်(တရုတ်-တိုင်ပေ)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ် အပိုင်းတစ်ခုအဖြစ် မှတ်ယူထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ် သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း ဖော်ပြအပ် ပါသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်းအတည်ပြုအပ်ပါသည်။

You are here: Home ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင် (၁၅-၁-၂၀၂၄ ရက်)

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time