လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
(၂၄-၉-၂၀၂၄ရက်၊ဂျီနီဗာမြို့)
ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်း အဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို သက်ဆိုင်ရာနိုင်ငံ မပါဝင်ဘဲ ၂၄-၉-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။ လုပ်ပိုင်ခွင့်ပေးအပ်ထားခြင်းခံရသူများ တစ်နည်းအားဖြင့် အစီရင်ခံစာရေးသားပြုစုသူများ အနေဖြင့် အခြေခံမူများဖြစ်သည့် ဘက်မလိုက်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ဖြောင့်မတ်မှန်ကန်မှုတို့ကို မဖြစ်မနေ လိုက်နာစောင့်ထိန်းရမည်ဖြစ်သော်လည်း ယခုအစီရင်ခံစာသည် သက်ဆိုင်ရာနိုင်ငံဖြစ် သော မြန်မာနိုင်ငံ၏ အချက်အလက်နှင့် အမြင်များကို မျှတစွာ ထင်ဟပ်ဖော်ပြခြင်း မရှိသည်ကို တွေ့ရှိရသည်။ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲသည် လက်ရှိ ကောင်စီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဆိုသည့်အဖွဲ့၏ ဆွေးနွေးပွဲ ပြီးနောက် ဒုတိယမြောက် ကျင်းပသည့်ဆွေးနွေးပွဲဖြစ်သည်။ ထို့ပြင် ယင်းဆွေးနွေးပွဲသည် ယခုနှစ် ကောင်စီ၏ (၆) ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှု အရေအတွက်သည် အများဆုံးဖြစ်သည်။ ထိုသို့ ကြိမ်ဖန်များစွာပြုလုပ်သော အဆိုပါဆွေးနွေးပွဲများမှ အရည်အသွေး မပြည့်မီသော အစီရင်ခံစာများ နှင့် အကျိုးမဲ့သည့် ဆွေးနွေးမှုများကို ဆက်လက်ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသည့် မဲစာရင်း မှားယွင်းမှုများနှင့် ရွေးကောက်ပွဲမသမာမှု ပေါ်ပေါက်ခဲ့ပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အစွန်းရောက်နိုင်ငံရေးသမားများသည် အဆိုပါ ရွေးကောက်ပွဲမသမာမှုကို တရားဥပဒေနှင့်အညီ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လှုပ်ရှား မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် လူပေါင်း (၈,၁၀၀) ဦး အသက်ဆုံးရှုံးခဲ့သည့်အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းမှု ပြဿနာကိုလည်း ပိုမိုရှုပ်ထွေးစေသည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးအခြေ အနေကို အခွင့်ကောင်းယူပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ နယ်မြေရရှိရေးအတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို သိသာစွာ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့သော်လည်း MNDAA နှင့် TNLA အကြမ်းဖက်အဖွဲ့တို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့ကြသည်။ ၎င်းတို့သည် ဆေးရုံများ၊ ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများအပါအဝင် လူနေရပ်ကွက်များနှင့် အခြေခံအဆောက် အအုံများရှိသည့် မြို့များနှင့် ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။ AA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ချင်းပြည်နယ်၏ နေရာအချို့တွင် အလားတူ တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့သည်။ ရခိုင်၊ ချင်း၊ ဘင်္ဂါလီနှင့် အခြားလူမျိုးစုများ ပါဝင်သည့် အပြစ်မဲ့ဒေသခံအသိုက် အဝန်းများသည် AA အကြမ်းဖက်အဖွဲ့၏ အဆင်အခြင်မဲ့ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံစားရ လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် AA အကြမ်းဖက်အဖွဲ့က မောင်တော အနောက်ဘက်ကမ်းရှိ အမျိုးသမီးနှင့် ကလေးအုပ်စုများကို တိုက်ခိုက်ခဲ့သည့် ဗီဒီယိုများ အွန်လိုင်း တွင် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သကဲ့သို့ ယင်းဖြစ်စဉ်၏ မျက်မြင်သက်သေများကလည်း AA အကြမ်းဖက်အဖွဲ့ ၏ ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် ဘင်္ဂါလီလူမျိုးရာပေါင်းများစွာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆို ခဲ့ကြသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီရင်ခံစာများက PDF များသည် အကြမ်းဖက်လုပ်ရပ်များကို အများဆုံးကျူးလွန်သူများဖြစ်ကြောင်း ဖော်ပြကြသော်လည်း၊ ယခုအစီရင်ခံစာသည် လက်နက်ကိုင်အဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထည့်သွင်းဖော်ပြခြင်းသည့် မပြုသည့်အပြင် အရပ်သားဝန်ထမ်းများကို ပစ်မှတ်ထားရန် အကြမ်းဖက်သမားများအား လှုံ့ဆော်နေသည်ကို တွေ့ရသည်မှာ တုန်လှုပ်ဖွယ်ဖြစ်သည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (ROE) နှင့် ပြည်တွင်းဉပဒေများနှင့် အညီ လိုအပ်သော တန်ပြန်တုံ့ပြန်မှုများကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်မှုများကြောင့် ချင်း၊ ကယား၊ ရှမ်းနှင့် ကရင်ပြည်နယ် နေရာအနှံ့အပြား၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိနေပြီဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ (INGOs) အား လုံခြုံရေးအခြေအနေအပေါ်မူတည်၍ လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် သွားလာခွင့်ပြုပေးလျက်ရှိသည်။ ပြည်တွင်း၌ ကုလသမဂ္ဂအေဂျင်စီ (၁၆) ခု ရုံးစိုက်လျက်ရှိသည့်အပြင် အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအထိ ကုလသမဂ္ဂအေဂျင်စီများနှင့် INGO များအား ခရီးသွားလာခွင့် အကြိမ်ရေ (၁၀၀၀) ကျော်နှင့် နိုင်ငံခြားသံရုံးများ အား အကြိမ်ရေ (၂၀၀) ကျော် ခွင့်ပြုပေးခဲ့သည်။ အစီရင်ခံစာပါ စိတ်ကျန်းမာရေးပြဿနာသည် ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း နိုင်ငံ အများစုတွင် ကြုံတွေ့ရလာသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး၊ WHO ၏ သိပ္ပံနည်းကျဖော်ပြချက် အကျဉ်း တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်စိတ်များမှုနှင့် စိတ်ကျရောဂါ ၂၅ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားသည်။ ယင်းကိစ္စကို အထောက်အထားမရှိဘဲ နိုင်ငံရေး ရှုထောင့်အရ လိုသလိုဆွဲယူအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အခြေအမြစ်မရှိရုံသာမက ပညာရှင်မဆန်သော လုပ်ရပ်ဖြစ်သည်။ မမှန်မကန်နှင့် အထောက်အထားမခိုင်လုံသော ရင်းမြစ်များကို အခြေခံ၍ စိုးရိမ်ဖွယ်အနေအထားကို ပုံဖော်ပြောဆိုနေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သောကြောင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက် ကောက်ယူသွားမည်ဖြစ်ပြီး၊ ထိုသို့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် မှန်ကန်၍ တိကျသော မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင်လည်း အထောက်အကူပြုမည်ဖြစ်သည်။ သန်းခေါင် စာရင်းရလဒ်အပေါ် အခြေခံ၍ မဲပေးခွင့်ရှိသော မဲဆန္ဒရှင်စာရင်းကို အများပြည်သူသို့ ထုတ်ပြန် ကြေညာမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် မျှော်မှန်း ထားသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရာတွင် အခြေခံမူများဖြစ်သော သမာသမတ် ကျရေး၊ ဘက်မလိုက်ရေး၊ ဓမ္မဓိဋ္ဌာန်ကျရေး၊ ရွေးချယ်ပစ်မှတ်မထားရေး၊ အပြုသဘောဆောင်သည့် နိုင်ငံတကာဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ဆန့်ကျင်သည့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သော ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်သည်။ မြန်မာ နိုင်ငံ၏ သိမ်မွေ့သော အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံအပေါ် ပစ်မှတ်ထားကာ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်၍၊ နိုင်ငံရေးဖိအားပေးမှုများနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အလွဲ သုံးစားပြုမှုများသည် အန္တရာယ်ရှိသော အစဉ်အလာကိုဖြစ်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တစ်ဖက်သတ် ဆွေးနွေးပွဲများ ကျင်းပခြင်းကို ထပ်လောင်းကန့်ကွက်ပြီး၊ အစီရင်ခံစာပါ ကောက်ချက် နှင့် အကြံပြုချက်များသာမက “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (A/HRC/57/56)” ခေါင်းစဉ်ပါ အစီရင်ခံစာတစ်ခုလုံးကို ပယ်ချသည်။ အဆိုပါအစီရင်ခံစာအပေါ် အသေးစိတ်လေ့လာသုံးသပ်ချက်များနှင့်ပတ်သက်၍ အကောင်းဆုံး အရင်းအမြစ်အား မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ရယူနိုင်သည်။
***********************************
Myanmar’s Response on the Interactive Dialogue with the United Nations High Commissioner for Human Rights on Myanmar at the 57th Session of the Human Rights Council
(24-9-2924,Geneva)
The Interactive Dialogue with the United Nations High Commissioner for Human Rights on the report entitled “Situation of Human Rights in Myanmar” was held on 24 September 2024 at the ongoing 57th Session of the Human Rights Council in Geneva in the absence the country-concerned. The report sacrifices its impartiality, credibility and integrity without fairly reflecting facts and views of the country-concerned, Myanmar, although it is prerequisite for the mandate holders to uphold. The so-called Interactive Dialogue with the High Commissioner is second discussion following the one with the so-called IIMM during the current session of the Council. Additionally, it is the sixth of its kind in this year’s Council and the number of IDs on Myanmar is the highest compared to other country specific discussions. Such multiplication and duplication of work results incompetent report and unproductive follow-up discussion. Myanmar has been striving to place the country back on track to democratization following electoral fraud with massive voters’ list irregularities in 2020 general elections. The radical politicians without addressing the issue lawfully turned to armed movement claimed over 8,100 lives and it further complicates the insurgency issue that has lasted in Myanmar since its independence in 1948. The different armed groups in Myanmar take advantage of political situation and intensify their terrorist movements significantly in October 2023 in northern Shan, Kayin and Rakhine States for territorial gains. Although a ceasefire was reached in January 2024, MNDAA and TNLA resumed their attacks in northern Shan State and in Mandalay Region in June 2024. They targeted towns and villages with residential areas and public infrastructure including hospitals, schools and religious buildings. The AA terrorist group has been committing the same in northern and southern part of the Rakhine State as well as some parts of Chin State. Innocent local communities including Rakhine, Chin, Bengalis and other groups alike bear the brunt of AA’s reckless attacks. On 5 and 6 of August 2024, AA attacked crowds with women and children in western bank of Maungdaw. The videos widely shared online as well as witnesses of the incidents indicate AA is responsible for a series of bomb-dropping drones which killed hundreds of Bengalis. It is shocked to see that the presentation not only failed to sufficiently acknowledge the atrocities committed by the armed groups although other counter-terrorism reports indicated that PDFs were the main perpetrators of terror acts but also instigated the terrorists to target civil servants. The security forces of Myanmar have been taking necessary counter-measures as per the Rules of Engagement and domestic laws since it has the primary responsibility to protect the lives and properties of the people. Such measures have led to the restoration of peace and stability in many parts of Chin, Kayah, Shan and Kayin States and Mandalay and Sagaing Regions. The Government of Myanmar has been granting access to UN agencies and international non-governmental organizations for humanitarian activities depending on security conditions. In addition to the presence of 16 UN agencies, the Government facilitated travel access for over 1,000 times to UN agencies and INGOs and over 200 times to foreign Embassies between February 2021 and May 2024. Some indicate engaging with terrorist groups under the pretext of providing humanitarian assistance. It should be noted that the armed groups are responsible for terror attacks against the local communities and they have been committing killings, abductions, extortions, forced recruitment, etc. Myanmar reminds the respective member states to respect territorial integrity and sovereignty and refrain from interfering in the internal affairs of Myanmar. External attempts to influence internal affairs of Myanmar is unwarranted and unacceptable. With regard to mental health mentioned in the report, the issue is a challenge experienced in most of the countries following the pandemic as WHO’s scientific brief stated the COVID-19 pandemic triggers 25% increase in prevalence of anxiety and depression worldwide and interpreting it in political dimensions without any evidence is not only baseless but also unprofessional. Articulating a position of concern based on incorrect and unsubstantiated sources is therefore regrettable. Since holding free and fair election is the ultimate mission of the State Administration Council, the population and household census will be collected in the entire nation from 1 to 15 October 2024 simultaneously and the census will also contribute to the compilation of correct and accurate voter lists. Based on the outcome, the eligible voter list will be announced to the public and Myanmar envisages holding the elections in 2025. Myanmar always opposes country-specific resolutions and mandates which go against the principles of universality, impartiality, objectivity and non-selectivity, constructive international dialogue and cooperation in promotion and protection of human rights. While Myanmar is going through the delicate transition, selectively targeting the country, interference in its internal affairs, imposing political pressure and misusing United Nations Human Rights Council set a dangerous precedent. Therefore, Myanmar reiterates its objection on holding one-sided talks and rejects all conclusions and recommendations and the whole report entitled “Situation of Human Rights in Myanmar” (A/HRC/57/56)”. The Myanmar Mission’s official website provides an excellent source of detailed observations on the said report.