Consular Information

မြန်မာနိုင်ငံတွင်နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ

 

 မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခြင်း

Procedures for the Application of Permanent Residence

 

Documents Required for the Permanent Residence

 

The Application Form for the Permanent Residence

 

အစိုးရဝန်ထမ်းပြည်ပပညာသင်များ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိကြောင်း သတင်းပေးပို့ခြင်းကိစ္စ

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အစိုးရဝန်ထမ်း ပြည်ပပညာသင်များသည် သတင်းပို့ပုံစံဖြည့်စွက်ပြီး စာတိုက်မှတဆင့်(သို့မဟုတ်) E-mail ဖြင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသို့ ပေးပို့အကြောင်းကြားရန်လိုအပ်ပါသည်။

Permanent Mission of the Republic of the Union of Myanmar to the United Nations
10 East  77th Street, New York, NY. 10075 
(Office:
+1 (212) 744 1271, 744 1275, Fax: +1 (212) 744 1290)
Email:
This email address is being protected from spambots. You need JavaScript enabled to view it.

ဤနေရာတွင် သတင်းပေးပို့သည့်ဖောင်ရယူပါ။ (Arrival Form) (Report Form)

 

 မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ

 မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး ကျသင့်ငွေနှုန်း - အမေရိကန်ဒေါ်လာ ၂၅
နောက်ကျဒဏ်ကြေး( ၁) နှစ် - အမေရိကန်ဒေါ်လာ ၁၅

 ( ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ အမေရိကန်ဒေါ်လာ ၁၀ဝ နှင့် ဒဏ်ကြေးတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကောက်ခံခဲ့သော်လည်း ၃-၂-၂၀၁၄ ရက်နေ့မှ စတင်၍ သက်တမ်းတိုးခအား အမေရိကန်ဒေါ်လာ ၂၅ နှင့် ပျောက်ဆုံး ဒဏ်ကြေးအား  ၇၅ ဒေါ်လာသို့ ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ပါသည်။)

အလုပ်လုပ်ကိုင်သူများလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ ( Job Job PPT Renewal Form and Requirements)

  • နိုင်ငံကူးလက်မှတ်စာအုပ် (မူရင်း) နှင့် ယင်းနိုင်ငံကူးလက်မှတ်စာအုပ် မိတ္တူ၊
  • နောက်ဆုံးပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပြေစာမိတ္တူ
  • ၂ လက်မပတ်လည် နောက်ခံအဖြူဖြင့် ရောင်စုံ ဓာတ်ပုံ (၂)ပုံ
  • နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်လွှာ တို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။
  • Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာ တင်သည့်အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။
  • Job Recommendation Letter

   မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ခြင်း

  • ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် ယင်းနောက်ပိုင်း ကာလများအတွက် ဝင်ငွေခွန်ပေးဆောင်ရန် မလိုအပ်တော့ပါ။
  • ယင်းမတိုင်မီ ကာလများတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ဝင်ငွေလစာ၏ ၁၀% အား ဝင်ငွေခွန်အဖြစ် ထမ်းဆောင်ရပါမည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ကောင်စစ်နယ်မြေဒေသအတွင်း ဝင်ငွေခွန် စည်းကြပ်မည့် အနိမ့်ဆုံး အခြေခံလစာအား အမေရိကန်ဒေါ်လာ ၇၀၀ သတ်မှတ်ထားပြီး ဝင်ငွေခွန် တစ်လလျှင် ၁၀% ဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၀နှုန်းဖြင့်လည်းကောင်း၊ ဂျမေကာနိုင်ငံအတွက် အနိမ့်ဆုံး အခြေခံလစာအား အမေရိကန်ဒေါ်လာ ၄၀၀ သတ်မှတ်ထားပြီး တစ်လလျှင် ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၄၀ နှုန်းဖြင့်လည်းကောင်း ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအထိ ပေးဆောင်ရ မည်ဖြစ်ပါသည်။
  • ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၅၇/၂၀၁၁) အရ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ မှ ဒီဇင်ဘာလအထိအား ဝင်ငွေခွန်၏ ၂% ဖြင့် နယူးယောက်ကောင်စစ်နယ်မြေအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာကိုလည်းကောင်း၊ ဂျမေကာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၈ ဒေါ်လာကိုလည်းကောင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ ဝင်ငွေခွန် ကြိုတင်ပေးဆောင်ပြီး သူများ၏ အခွန်ပြန်အမ်းရန်ကိစ္စသည် ဥပဒေနောက်ကြောင်းပြန် သက်ရောက်မှု မရှိနိုင်ပါသဖြင့် အကျုံးမဝင်ကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။ 

 


 

၁။ ဝင်ငွေခွန် ထမ်းဆောင်သူနှင့် မှီခိုသူမိသားစုဝင်များ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်း  (Myanmar Citizen’s Dependent PPT Renewal Form and Requirements)

(က)

ဝင်ငွေခွန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းအား မှီခိုနေထိုင်လျက်ရှိသူ မိသားစုများ အနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ ဝင်ငွေခွန် ကျေပွန်သူဖြစ်ရပါမည်။ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ထမ်းဆောင်ခြင်း ခေါင်းစဉ်အောက်တွင် ဖတ်ရှုတွက်ချက်နိုင်ပါသည်။

(ခ)

ဝင်ငွေခွန်ပေးဆောင်လျက်ရှိသော မြန်မာနိုင်ငံသားအား မှီခိုသူ ဇနီး၊ အတူနေ ပညာသင်ကြားနေ သော သား (အသက် ၂၀ နှစ်နှင့်အောက်)၊ သမီး ( အသက် ၂၅ နှစ်နှင့်အောက်)၊ အတူနေ မိဘ (အသက် ၆၀ နှစ်နှင့်အထက်) များကိုသာ မိသားစုဟု သတ်မှတ်ပါသည်။

(ဂ)

ယခင်က ဝင်ငွေခွန်ပေးဆောင်ဖူးပါက ပေးဆောင်ခဲ့သည့် ဝင်ငွေခွန် ပြေစာမိတ္တူ၊ ဇနီး/ သား၊သမီး/ မိဘ တော်စပ်ပုံအထောက်အထား (မွေးစာရင်းမိတ္တူ/ လက်ထပ်စာချုပ်မိတ္တူ/ အိမ်ထောင်စုစာရင်း) စသည်တို့ကို တင်ပြရပါမည်။

(ဃ)

Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာ တင်သည့်အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။

 


 

၂။ နိုင်ငံခြားသား သား/သမီး မှီခိုသူ အသက်(၆၀)နှစ်အထက်နှင့် သား/သမီးများ နိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း  (Foreigner’s Dependent PPT Renewal Form and Requirements)

(က)

အသက် (၆၀)နှစ်နှင့်အထက် မိဘများမှ နိုင်ငံခြားသား/သမီး မှီခိုသူများ လေ ျှာက်ထားနိုင်ပါသည်။

(ခ)

အတူနေ ပညာသင်ကြားနေသော သား (အသက် ၂၀ နှစ်နှင့်အောက်) / သမီး ( အသက် ၂၅ နှစ်နှင့် အောက်) မှ နိုင်ငံခြားသား မိဘအား မှီခိုနေသော သားသမီးများ လျှောက်ထားနိုင်ပါသည်။

(ဂ)

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည့် အတူနေ မိဘ (သို့မဟုတ်) သားသမီးအား နိုင်ငံခြားသား သားသမီး(သို့မဟုတ်) မိဘမှ အမေရိကန်တွင် ရောက်ရှိနေစဉ်ကာလအတွင်း နေထိုင်စားသောက် စရိတ်များ တာဝန်ယူသောစာအား ပူးတွဲ တင်ပြရပါမည်။

(ဃ)

နိုင်ငံခြားသား သားသမီး (သို့မဟုတ်) မိဘ၏ နိုင်ငံကူးလက်မှတ်မိတ္တူနိုတြီ/ နိုင်ငံသားခံယူထားသည့် လက်မှတ် ပူးတွဲ တင်ပြရပါမည်။

(င)

တော်စပ်ပုံအထောက်အထားအဖြစ် (မွေးစာရင်းမိတ္တူ/ လက်ထပ်စာချုပ်မိတ္တူ/ အိမ်ထောင်စုစာရင်း မိတ္တူ) တို့အား ပူးတွဲတင်ပြရပါမည်။

(စ)

Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာ တင်သည့်အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။

 


 

၃။ ကျောင်းသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း  (Student Passport Renewal Form and Requirements)

(က)

အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်တွင် အချိန်ပြည့်တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်ပါသည်။

(ခ)

အချိန်ပြည့် တက်ရောက်နေသည့် ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရေးဌာန၏ ထောက်ခံချက် (မူရင်း) ၊  ကျောင်းသားကဒ် (မိတ္တူ)၊ I-20 မိတ္တူနှင့်အတူ ပူးတွဲ လျှောက်ထားရပါမည်။

 


 ၄။ နိုင်ငံခြားသားခင်ပွန်းဖြစ်သူအား မှီခိုအဖြစ်ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်း (Foreigner Husband’s Dependent PPT Renewal Form and Requirements)

(က)

နိုင်ငံခြားသား ခင်ပွန်းမှီခိုသည့် မြန်မာအမျိုးသမီးများ အနေဖြင့် ခင်ပွန်းဖြစ်သူအား မှီခိုအဖြစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အပြန်လေယာဉ်စရိတ်အာမခံငွေ (Return Air Ticket Fee) အမေရိကန်ဒေါ်လာ ၈၀၀ ပေးသွင်းလျှောက်ထားရပါမည်။(အဆိုပါအပြန်လေယာဉ်စရိတ် ပေးသွင်းကာလ (၃) နှစ် အထက် ပေးသွင်းထားရှိပြီး ဖြစ်ပါက ပြန်လည် ထုတ်ယူနိုင်ပါသည်)

(ခ)

အပြန်လေယာဉ်စရိတ်အာမခံငွေသည် မြန်မာနိုင်ငံသူနှင့်သာ အကြုံးဝင်ပြီး နိုင်ငံခြားသားအဖြစ် ခံယူ ဖြစ်ခဲ့ပါလျှင် (သို့မဟုတ်) ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပါလျှင် (သို့မဟုတ်) ကွာရှင်းပြတ်စဲပြီးခဲ့ပါလျှင် မြန်မာနိုင်ငံကူး လက်မှတ်အား ပြန်လည် အပ်နှံ၍ ငွေလက်ခံဖြတ်ပိုင်းမူရင်းနှင့်အတူ အထောက် အထား ပြည့်စုံစွာ တင်ပြ၍ အဆိုပါ အပြန်လေယာဉ်စရိတ်အား ပြန်လည်ထုတ်ယူနိုင်ပါသည်။

(ဂ)

နိုင်ငံခြားသား ခင်ပွန်း၏ နိုင်ငံကူးလက်မှတ်မိတ္တူနိုတြီ (သို့မဟုတ်) နိုင်ငံသားခံယူထားသော လက်မှတ် နှင့် လက်ထပ်စာချုပ် မိတ္တူတို့ကို ပူးတွဲ တင်ပြ လျှောက်ထားရပါမည်။

(ဃ)

Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာ တင်သည့်အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။

 


 ၅။ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းအား မှီခိုနေသူများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း 

(က)

လျှောက်ထားသူသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက သက်ဆိုင်ရာဌာန၏ ထောက်ခံစာနှင့် ရုံး ID Card မိတ္တူတို့ကို ပူးတွဲတင်ပြရပါမည်။

(ခ)

၎င်းအား မှီခိုသူ ဇနီး၊ အတူနေ ပညာသင်ကြားနေသော အတူနေ ပညာသင်ကြားနေသောသား (အသက် ၂၀ နှစ်နှင့်အောက်) ၊  သမီး ( အသက် ၂၅ နှစ်နှင့်အောက်)၊ အတူနေ မိဘ (အသက် ၆၀ နှစ်နှင့်အထက်) များကိုသာ မိသားစုဟု သတ်မှတ်ပါသည်။

(ဂ)

ဇနီး/ သား၊သမီး/ မိဘ တော်စပ်ပုံအထောက်အထား (မွေးစာရင်းမိတ္တူ/ လက်ထပ်စာချုပ်မိတ္တူ/ အိမ်ထောင်စုစာရင်း) စသည်တို့ကို တင်  တင်ပြရပါမည်။

 


 ၆။ မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း (New Ppt Application for New Born form and Requirements)

(က)

မွေးဖွားသည့်နေ့မှ ၁ နှစ်အတွင်း တင်ပြလျှောက်ထားရပါမည်။

(ခ)

ဝင်ငွေခွန်စည်းကြပ်ခြင်းနှင့် အကျုံးဝင်မှု ရှိ-မရှိ စိစစ်ပြီး ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ မိဘမှ ဝင်ငွေခွန် ကျေပွန်ရပါမည်။

(ဂ)

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ ပါး၏ လက်ထပ် စာချုပ်မိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေခွန်ပြေစာမိတ္တူ၊ ကလေးသည် မည်သည့် နိုင်ငံသားအဖြစ်မှ ခံယူထားခြင်း မရှိကြောင်း ခံဝန်ချက်နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရန် မိဘ ၂ ဦးလုံးမှ သဘောတူကြောင်းစာတို့အား (၄)စုံပြုလုပ်၍ တင်ပြ လျှောက်ထားရပါမည်။

(ဃ)

မိဘ၂ပါးသည် Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းများအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်လွှာတင်သည့်အခါ တင်ပြ၍ မိတ္တူ(၁)စောင်အား ပူးတွဲ တင်ပြရပါမည်။

 


 ၇။ မြန်မာနိုင်ငံသား မိခင်/ဖခင်တစ်ဦးနှင့် နိုင်ငံခြားသားမိခင်/ဖခင်တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် နိုင်ငံကူး လက်မှတ် အသစ် လျှောက်ထားခြင်း

(က)

မြန်မာနိုင်ငံသား မိခင်/ဖခင်တစ်ဦးနှင့် နိုင်ငံခြားသားမိခင်/ဖခင်တစ်ဦးတို့မှ မွေးဖွားလာသည့် ကလေးအတွက် မြန်မာနိုင်ငံကူးလက်မှတ်အသစ်ကို လျှောက်ထားနိုင်ပါသည်။

(ခ)

ဖခင်မှ နိုင်ငံခြားသားဖြစ်ပါက မိခင်မှ နိုင်ငံခြားသားမှီခို အပြန်လေယာဉ်စရိတ်အဖြစ် အာမခံ စပေါ်ငွေ အမေရိကန်ဒေါ်လာ ၈၀၀ ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး ပေးသွင်းပြီးဖြစ်ပါက ပေးသွင်းပြီး မိတ္တူနှင့်အတူ တင်ပြလျှောက်ထားရပါမည်။

(ဂ)

ဖခင်ဖြစ်သူမှာ မြန်မာနိုင်ငံသားဖြစ်လျှင် ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ ဝင်ငွေခွန်ကျေပွန်ပြီး ဖြစ်ရပါ မည်။

(ဃ)

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ မိဘ ၂ ပါး၏ လက်ထပ်စာချုပ်မိတ္တူ၊ ကလေး၏မွေးစာရင်းမိတ္တူ၊ မိဘ၏ ဝင်ငွေခွန်ပြေစာမိတ္တူ၊ ကလေးသည် မည်သည့် နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိကြောင်း ခံဝန်ချက်နှင့် ကလေးအနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရန် မိဘ ၂ ဦးလုံးမှ သဘောတူကြောင်းစာတို့အား (၄)စုံပြုလုပ်၍ တင်ပြ လျှောက်ထားရပါမည်။

(င)

မိခင်/ဖခင်တစ်ဦးဦးသည် Permanent Resident Card/ Green Card ကိုင်ဆောင်ထားသူဖြစ်ပါက ယင်းကဒ်မူရင်းများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်လွှာတင်သည့်အခါ တင်ပြ၍ မိတ္တူ (၁) စောင်အား ပူးတွဲ တင်ပြရပါမည်။

 


 ၈။ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွား၍ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်း (New-Ppt-Application-for-lost form and Requirements)

(က)

ပျောက်ဆုံးခဲ့သည့် နို်င်ငံကူးလက်မှတ်မိတ္တူ (၄)စုံ၊ ရဲစခန်းသို့ ပျောက်ဆုံးကြောင်း တိုင်ကြားထားသော ရဲစခန်း ထောက်ခံစာ (Police Report) မူရင်းအပါအဝင်(၄)စုံ၊ ဖြည့်စွက်ပြီး ကိုယ်ရေးရာဇဝင်(၄)စုံ၊ အခွန် ထမ်းဆောင်ပြီးဖြစ်ပါက ဝင်ငွေခွန်ပြေစာမိတ္တူ(၄)စုံ၊ အခွန်မထမ်းဆောင်ရသေးပါက ၃၁-၁၂-၂၀၁၁ ရက်နေ့ အထိ ဝင်ငွေခွန် ပေးဆောင်၍လည်းကောင်း၊ ကျောင်းသားဖြစ်ပါက အထောက်အထား စာရွက်စာတမ်းများ တင်ပြ၍ လည်းကောင်း၊ မှီခိုသူဖြစ်ပါက မှီခိုသူ အထောက်အထား စာရွက်စာတမ်း များ တင်ပြ၍ လည်းကောင်း တင်ပြ လျှောက်ထားရပါမည်။

(ခ)

 နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒဏ်ကြေး အမေရိကန်ဒေါ်လာ ၇၅ နှင့် နိုင်ငံကူးလက်မှတ်အသစ် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ကျသင့်ပါမည်။

 ဝင်ငွေခွန်ကင်းလွတ်ခြင်းနှင့်ပတ်သက်၍

  အခွန်ထမ်းဆောင်သူများ သိရှိစေရန်

  • ၁၉-၈-၂၀၁၁ မတိုင်မီ ကာလအတွက် မူလနှုန်းထား ၁၀% ပေးဆောင်ရန်ဖြစ်ပါသည်။

  • ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၅၇/၂၀၁၁ အမိန့်ကြော်ငြာစာအရ ၁၉-၈-၂၀၁၁ ရက်နေ့မှ ၃၁-၁၂-၂၀၁၁ အထိ ၂% ဖြင့် ပေးဆောင်ရန် ဖြစ်ပါသည်။

  • ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် ၃၁-၁၂-၂၀၁၁ ရက်နေ့အထိ ဝင်ငွေခွန် ကြိုတင်ပေးဆောင်ပြီး သူများ၏ အခွန်ပြန်အမ်းရန်ကိစ္စသည် ဥပဒေ နောက်ကြောင်းပြန် သက်ရောက်မှု မရှိနိုင်ပါသဖြင့် အကျုံးမဝင်ကြောင်း ဖော်ပြအပ်ပါသည်။

  • ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် ယင်းနောက်ပိုင်း ကာလများအတွက် ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်တော့ပါ။

 


၉၊၊ သာသနာ့ဝန်ထမ်း/သံဃာတော်များ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း(Religious Passport Renewal Form and Requirements)

(က) လက်ရှိသီတင်းသုံးနေသည့်ကျောင်းထိုင်ဆရာတော်၏ထောက်ခံစာမူရင်း
(ခ) သာသနာဝင်လက်မှတ်
(ဂ) အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်မူရင်း (သို့မဟုတ်) နေထိုင်ခွင့်ဗီဇာ (သို့မဟုတ်) ခိုင်လုံသည့်အထောက်အထားတစ်ခုခု
(ဃ) နိုင်ငံကူးလက်မှတ်မူရင်း
(င)  ကိုယ်ရေးရာဇဝင်ဓါတ်ပုံ (၂)ပုံတို့ကိုတင်ပြရမည်ဖြစ်ပါသည်။

 


 

ဂျမေကာတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည်ဆိုပါက ဆောင်ရွက်ရမည့် အစီအစဉ်များ

 

ဂျမေကာတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဆောင်ရွက်မည်ဆိုပါက-

၁။

လက်ရှိကိုင်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ တင်ပြရပါမည်။

၂၊

လွန်ခဲ့သော ၆ လအတွင်း ရိုက်ထားခဲ့သည့် ရောင်စုံဓာတ်ပုံအား ပူးတွဲတင်ပြရန် လိုအပ်ပြီး ယင်းဓာတ်ပုံမှာ အရွယ်အစားအားဖြင့် ၂လက်မပတ်လည် ရှိရပါမည်။ ဓါတ်ပုံ၏ နောက်ခံအရောင်မှာ အဖြူရောင်ဖြစ်ရန် လိုအပ်ပါသည်။

၃။

အချက်(၄၄)ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံအား ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။

၄။

နိုင်ငံကူးလက်မှတ်တွင် ထည့်သွင်းဖော်ပြရမည့် လက်မှတ်နှင့် လက်ဗွေပုံစံကို ပူးတွဲတင်ပြရန် လိုအပ်ပါသည်။ လက်ဗွေပုံစံအတွက် ဘယ်နှင့်ညာ လက်မလက်ဗွေကို စာရွက်အဖြူပေါ်တွင် မင်နှိပ်၍ လည်းကောင်း၊ ရေးထိုးမြဲလက်မှတ်ကို စာရွက်အဖြူပေါ်တွင် မင်အမည်းဖြင့် ထင်ရှားစွာ ရေးထိုး၍လည်းကောင်း ကိုယ်ရေးရာဇဝင်နှင့်အတူ ပူးတွဲပေးပို့ရမည်ဖြစ်ပါသည်။ အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား မူရင်းကို ပြသပြီး မိတ္တူပူးတွဲတင်ပြရန် လိုပါသည်၊၊

၅။

ဝင်ငွေခွန် နောက်ဆုံးပေးဆောင်ထားခဲ့သည့် ပြေစာအား ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ကျေပွန်စွာ ပေးဆောင်ပြီးဖြစ်ရပါမည်။ အကယ်၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုသူသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ကျေပွန်သူ မဟုတ်ပါက ၂၀၁၁ ခုနှစ်၊ ဇူလိုင်လနှင့် ယင်းမတိုင်မီကာလများအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၀ ဒေါ်လာ (အမေရိကန်ဒေါ်လာ လေးဆယ်တိတိ) နှင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအထိအတွက် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ (အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာတိတိ) ပေးဆောင်ရန် လိုအပ်ပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၁-၁၂-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၁) အရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်သဖြင့် ယင်းနောက်ပိုင်းကာလများအတွက် ဝင်ငွေခွန်ပေးဆောင် ရန် မလိုအပ်ပါ။

၆။

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာ ၂၅ (အမေရိကန်ဒေါ်လာ နှစ်ဆယ့်ငါး တိတိ) ဖြစ်ပြီး သက်တမ်းတိုးရန် ပျက်ကွက်မှုရှိခဲ့ပါက ယင်းအတွက် ဒဏ်ကြေးတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ (အမေရိကန်ဒေါ်လာတစ်ဆယ့်ငါး တိတိ) ဒဏ်ကြေးပေးသွင်းရန် လိုအပ်ပါသည်။

၇။

ဝင်ငွေခွန်၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ပေးသွင်းငွေနှင့် ဒဏ်ကြေးများအား ငွေလွှဲလက်မှတ် (Money Order) များဖြင့် ပေးပို့ရမည်ဖြစ်ပြီး Jamaica Money Market Brokers (JMMB), National Commercial Bank Jamaica Limited နှင့် The Bank of Nova Scotia Jamaica Limited စသည့် ဘဏ်များမှ ထုတ်သည့် ငွေလွှဲလက်မှတ်များ (Money Order) များ ပေးပို့နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

၈။

စာတိုက်မှတစ်ဆင့် စာရွက်စာတမ်းများပေးပို့ခြင်းအတွက် FedEx ဖြင့်သာပေးပို့ရန်ဖြစ်ပါသည်. လုပ်ငန်းပြီးစီှးု စာရွက်စာတမ်းများ ကာယံကံရှင်ထံသို့ ပြန်လည်ပေးပို့နိုင်ရန်အတွက် ကာယံကံရှင်ကိုယ်တိုင်မှ လိပ်စာ ဖြည့်စွက်ထားသည့် International Airway Bill နင့် Return Envelope ကို ပူးတွဲပေးပို့ရန် လိုအပ်ပါမည်. ယင်းသို့ပေးပို့ရာတွင် International Airway Bill ၏ No.6. Special Handling and Delivery Signature Options တွင် Direct Signature အား ရွေးချယ်ပေးရမည်. FedEx ၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာလာမည့် ကိစရပ်များကို ကာယကံရှင်နှင့် FedEx တို့အကြား ဖြေရှင်းရမည်ဖြစ်ပါသည်

 

 တင်ပြရမည့် စာရွက်စာတမ်းများ

     -   နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်လွှာ

     -   မြန်မာနိုင်ငံကူးလက်မှတ်မူရင်း

     -   မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ

     -   အခွန်နောက်ဆုံးပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ

     -   ဓါတ်ပုံ(၂)ပုံ

     -   Myanmar Mission သို့ လိပ်မူသည့် Money Order (၁) စောင်

     -   FedEx သို့ လိပ်မူသည့် Money Order (၁)စောင်

     -   အပြန်စာအိတ်

     -   ကာယကံရှင်ထံသို့ ပြန်လည်ပေးပို့ရမည့်လိပ်စာဖြည့်စွက်ထားသည့် International Airway Bill

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများသို့အသိပေးကြေညာချက် ( 8 September 2015)

 

Working Hours Announcement for Consular Division

Working Hours : Monday ~ Friday (except holidays)
Morning : 9:30~ 13:00 hrs (Submission of the Application)
Afternoon  : 14:00~ 16:00 hrs (Collection)

Services rendered to Myanmar citizens

Permanent Mission of the Republic of the Union of Myanmar to the United Nations in New York is pleased to announce that following services will be rendered to Myanmar Citizens:

* Renewal of Passport
* Issuance of New Passport
* Issuances of Certificate of Identity (C of I)
* Attestation of Power of Attorney
* Attestation of Certification
* Matters needed to be referred to the respective Ministry

Consulate-General of  Myanmar in New York is providing the consular services to those who are residing in tri-state area ( New York, New Jersey and Connecticut) and Jamaica only. The applicants in other States should apply to Myanmar Embassy in Washington,DC. www.mewashingtondc.com .


Renewal of Passport

Requirements

* Passport original
* copy of old passport
* Income Tax payment must be up to date when applying for a new Passport
* Two passport-sized photos
* Personal history form ( C.V. form )
* Renewal Fees $ 25 (money order only )

* Processing time: five (05) working days

Note : Myanmar Passport holders are required to renew their Passports before the date of expiry. A fine will be levied if the Passport is not renewed in time. Myanmar Passport holders and their dependents are eligible to renew the Passport when there are only a few pages left.


Issuance of New Passport (Damage)

Requirements

* Application letter
* Copy of all pages of the Passport
* Income Tax payment must be up to date when applying for a new Passport
* Two passport-sized photos
* Personal history form ( C.V. form )
* Fees $ 25 (money order only )

Note : The applicant who lost the passport are required to submit the Police Report and a fine US$ 75 will be levied.


Issuance of New Passport (new born child)

Requirements

* Inclusion of new born child in mother's Passport
* Change of status
* Separation of child from mother's Passport and issuance of new Certificate of Identity ( C of I )
* Inclusion of a child who holds C of I to mother's Passport
* Change of status to dependent of foreign husband or wife
* Change of status from seaman to shore job and vice versa


Attestation of Powers of Attorney

Requirements

* Revenue stamped document.
* Signature of 1 witnesses.
* Particulars of witnesses such as Passport No. NRC No, address must be stated.
* Person authorizing GP / SP must come to the Permanent Mission in person and sign before the Consular officer.(Required to bring an original passport to be seen).
* Photo copy of GP / SP and passport

အများပြည်သူတို့ လွှဲအပ်ကိုင်ဆောင်ထားရှိသော Notary General Power, Special Power လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်

Attestation of Certification

Documents such as Birth Certificate / Marriage Certificate/ Degrees / Diploma / Driving license..... Etc. need to be notarized by a registered Notary Public in Myanmar and; subsequently endorsed by the Ministry of Foreign Affairs in Nay Pyi Taw, before submitting to the Permanent Mission for attestation / certification.


For First Time Payment of Income Tax

Requirements

* Company letter stating employees' monthly basic salary.
* Application Letter addressed to the Permanent Mission.
* One Photograph
* Personal History Form ( C.V. form )

Legalization of Document

Original document(s) that is (are) to be legalized must be submitted together with the followings

a.Letters issued from Notary Public together with State Department Attestation

b.Request letter addressed to Myanmar Mission to legalize the document expressing following information

i.Purpose of the legalization

ii.To whom or which organization legalization is required to submit

2.A copy of ID card (s) of both Attorney(s), Appointer(s) and a recommendation letter from concerned authority expressing Attorney(s) and Appointer(s) role in their respective organization. If the Appointer is an institution, it is necessary to provide an original and a copy of its legal status in the United States. The Original registration will be returned when the process is completed. (Only for those who submit application(s) to legalize authorization or Power of Attorney)

3.A copy and original document such as company or trade mark registration or other document expressing its legal status in the United States. (Only for those who submit application(s) to legalize declaration of ownership of trademark/patent/design/assignment/change of name and change of address.)

4.A three (3) set of copy of document(s) and the original to be legalized.

Service charge is $ 15 per document.


Opening Bank Account(s) at or Changing Signatories of Bank Account maintained with one of the Banks in Myanmar.

Original document(s) must be submitted together with the followings:

* Request letter addressed to Myanmar Mission
* A set of copy of document(s).

After submitting the document, appointment date will be informed to sign the document in the presence of an officer from Permanent Mission. NRIC card of person who will sign on the Bank Specimen Card must be brought along on the appointment day. Service charge is $ 10 per document.


1. Income Tax

2. Myanmar Passport Extension Form

3. Attestation Forms

You are here: Home Consular

to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Consulate General Office
Tel : +1 (212) 744 1279

New York Time