ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်
၂၀၁၃ ခုနှစ်၊ မေလ ၁၃ ရက်

၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ခုနှစ် မေလ၁၃ရက်နေ့ မြန်မာစံတော်ချိန် (၁၃၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာဆင် (MAHASEN) သည် မြန်မာနိုင်ငံကိုကိုးကျွန်း၏ အနောက်ဘက် မိုင်(၄၁၀)ခန့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၄၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၀)ခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့)၏ အရှေ့တောင်ဘက် မိုင်(၃၈၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီးမုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။

၂။ အဆိုပါမုန်တိုင်းတိုက်ခတ်ချိန်တွင် ရခိုင်ကမ်းရိုးတန်းနှင့်မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတစ်လျှောက်တို့တွင် မုန်တိုင်းဒီရေလှိုင်းဒဏ်များ လွှမ်းမိုးမှုများ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရနိုင်ချိန်တွင် ဒေသခံပြည်သူများအနေဖြင့် ဂရုပြုဆောင်ရွက်ရမည့် အချက်များကိုလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်သတိပေး ပြန်ကြားလျက်ရှိပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့်နေရာများ၊ ကမ်းခြေတစ်လျှောက်တဲများ၊ ယာယီတဲများဖြင့် နေထိုင်နေသူများအား ၂၀၁၃ ခုနှစ်၊ မေလ ၁၄ / ၁၅ ရက်အပြီးလုံခြုံစိတ်ချရသည့် နေရာများသို့ အမြန်ဆုံးရွှေ့ပြောင်းထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

၄။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများပါဝင်သည့် စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်စ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာအနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၅။ တပ်မတော်အနေဖြင့် မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်းဒေသရှိ တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်များအား လိုအပ်ပါကချက်ချင်း အကူအညီပေးနိုင်ရေး အသင့်ပြင်ဆင်ထားပြီး ဆေးကုသရေးအဖွဲ့များနှင့် အခြားအထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်း၍ ကြိုတင်အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

 


 

Permanent Mission of the Republic of the Union of Myanmar
to the United Nations, New York

Yangon Time

Address : 10 East, 77th Street, New York, NY. 10075
Myanmar Mission
Tel : +1 (212) 744 1271, 744 1275
Fax : +1 (212) 744 1290
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Consulate General Office
Tel : +1 (212) 744 1279
EmailThis email address is being protected from spambots. You need JavaScript enabled to view it.

New York Time