(ဂျီနီဗာ၊ ၆-၇-၂၀၂၃)
 
– စာရွက်စာတမ်းအမှတ်၊ A/HRC/53/52 ပါ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုကို ၆-၇-၂၀၂၃ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ထပ်မံကျင်းပခဲ့သည်။ ဥရောပသမဂ္ဂက ဖန်တီးခဲ့သည့် လုပ်ပိုင်ခွင့်များ အပ်ကြောင်းထပ်နေသည်ကို မြန်မာနိုင်ငံက အကြိမ်ကြိမ်သတိပေးလျက် ရှိသည်။ အဆိုပါအစီရင်ခံစာတွင် သီးခြားကုလသမဂ္ဂရုံးတစ်ရုံးက ကိုင်တွယ်သည့် လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များကို အဓိကထားဖော်ပြထားသည်မှာ လုပ်ငန်းများထပ်တူ ဖြစ်နေသည်ကိုလည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်သော လုပ်ရပ်ဖြစ်သည်ကိုလည်းကောင်း ပြသလျက်ရှိသည်။
 
– OHCHR က မြန်မာနိုင်ငံသို့ မေးခွန်းများပေးပို့ခဲ့ကြောင်း ဖော်ပြထားသော်လည်း မြန်မာ အစိုးရက ပေးပို့ခဲ့သည့် စိစစ်ပြီး အချက်အလက်များကို ချန်လှပ်ထားခဲ့သည်။ ယင်း အချက်မှာ အစီရင်ခံစာကို တစ်ဖက်သတ်ဖြစ်စေပြီး အမှန်တရားကို လှည့်ဖျားကာ အစိုးရကို ဆန့်ကျင်သည့် ခံစားချက်များနှင့် ပြည့်နှက်စေသည်။
 
– ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက ပြုစုသည့် မြန်မာနိုင်ငံတွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ လိုအပ်သူအရေအတွက်မှာ အလွန်အကျူး ချဲ့ကားထားခြင်း ဖြစ်သည်။ အဆိုပါအရေအတွက်တွင် နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်သူများ မဟုတ်သည့် ဖွံ့ဖြိုးရေးအကူအညီ လိုအပ်နေသော နွမ်းပါးသည့်မြို့ပြင်ရပ်ကွက်များမှ သာမန် ပြည်သူများကိုပါ ရောနှောထည့်သွင်းကာ အလှူရှင်များ၏အာရုံစိုက်မှုရရှိစေရန် ရည်ရွယ်ပြုစုထားသည်။
 
– အစိုးရသည် ၎င်း၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ထိခိုက်ခံစားခဲ့ရသူများထံ ခွဲခြားမှုမရှိဘဲ အကူအညီ ပေးအပ်နိုင်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခွင့်ရနေကြသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေ သူများထံ အကူအညီများ ပေးအပ်ရန်အတွက် ခရီးသွားခွင့်ပြုချက်များ ထုတ်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ အပါအဝင် သံရုံးများကို (၆၂) ကြိမ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများကို (၄၆) ကြိမ်နှင့် AHA Center နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များကို (၁၀) ကြိမ် ခရီးသွား ခွင့်ပြုချက်များ ထုတ်ပေးခဲ့သည်။ ယင်း အချက်များအရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခွင့်များ ငြင်းပယ်ခံနေရကြောင်း OHCHR ၏စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်းဖော်ပြအပ်သည်။ ယင်းအချက်အလက်များကို မြန်မာအစိုးရမှ ပေးပို့ခဲ့သော်လည်း အစီရင်ခံစာတွင် ချန်လှပ်ခဲ့ခြင်းကြောင့် အစီရင်ခံစာရေးသားသူ၏ ဘက်လိုက်မှုနှင့် သမာသမတ်မကျမှုကို ပိုမိုထင်ရှားစေသည်။
 
– မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေးများကို ကိုယ်တိုင် ဝယ်ယူခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ၏ထည့်ဝင်မှုများမှလည်း ရရှိခဲ့သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း ကုလသမဂ္ဂ အနေဖြင့် အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မြန်မာနိုင်ငံသို့ ကာကွယ်ဆေးပံ့ပိုးခြင်းလုံးဝမရှိခဲ့ပေ။ ယင်းအပြုအမူများသည် လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှု နှင့် လွတ်လပ်မှု စသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို စွဲကိုင်ကျင့်သုံးရသည့် ကုလသမဂ္ဂအနေဖြင့် လက်တွေ့တွင်ကျင့်သုံးမှုမရှိကြောင်း ထင်ရှားစွာသက်သေပြလျက် ရှိသည်။
 
– အစီရင်ခံစာတွင် မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသူ များနှင့် ဆရာဝန်များအား ပစ်မှတ်ထားနေကြောင်း အကြမ်းဖက်မှု ကျူးလွန်သူများနှင့် အစိုးရဆန့်ကျင်သူများကို သံယောင်လိုက်၍ စွပ်စွဲထားသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ ကျွမ်းကျင်ရာထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သည့် တိုက်ခိုက်မှုများကို OHCHR ကဖုံးကွယ်ထား သည်။ ၁၄-၁၂-၂၀၂၁ ရက်တွင် မုံးစီးရွာသို့ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လာစဉ် သတ်ဖြတ်ခြင်းခံရသော ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဝင့်ဝင့်မြိုင် အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၇ ဦး အသတ်ခံ ခဲ့ရသည်။ အစီရင်ခံစာတွင် အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံးများမှ သံတမန်များနှင့် AHA Centre မှ ကိုယ်စားလှယ်များပါသောယာဉ်တန်းကို အစိုးရဆန့်ကျင်သည့်အဖွဲ့များက ၇-၅-၂၀၂၃ ရက်တွင် ရှမ်းပြည်နယ်၌ တိုက်ခိုက်ခဲ့သည့် အထင်ကရကိစ္စကို လျစ်လျူရှုထားသည်။
 
– အကြမ်းဖက် PDF အဖွဲ့များက ကလေးငယ် (၂၀၂) ဉီး၊ ဆရာ/ဆရာမ (၈၀) ဉီး၊ သံဃာ (၇၄) ပါး၊ ကျေးရွာ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး (၈၂၅) ဉီး၊ စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၆၀၉၁ ကို သတ်ဖြတ်ခဲ့သည့် ခိုင်လုံသော အထောက်အထားများ ရှိသော်လည်း ယင်း အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံစာတွင် တစ်ကြောင်းတစ်လေမျှပင် ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
 
– အစီရင်ခံစာရေးသားသူနှင့် ယင်းလုပ်ပိုင်ခွင့်ကို ဖန်တီးသည့်နိုင်ငံများသည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ သာယာဝပြောရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို ထုတ်ဖော်ရန် ပျက်ကွက်ရသည့် ရည်ရွယ်ချက် မှာ နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများကိုဖန်တီးရန်နှင့် တည်ငြိမ်မှုကို နှောင့်ယှက်ရန် မှတပါးအခြားမရှိပေ။
 
– သို့ဖြစ်၍ လူ့အခွင့်အရေးအရေခြုံ၍ နိုင်ငံရေးသွတ်သွင်းထားသော သုံးသပ်ချက်များပေါ် အခြေခံသည့် ဝင်ရောက်စွက်ဖက်သော အကြံပြုချက်များကို မြန်မာနိုင်ငံက ပယ်ချသည်။  ထိုပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေး သက်သက်သာ ဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်ခြင်းမရှိသဖြင့် လုံခြုံရေး ကောင်စီနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးတို့ကို ရည်ညွှန်းချက်များကို ပြင်းထန် စွာ ဆန့်ကျင်သည်။
 
– မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တစ်ဖက်သတ် တစ်နိုင်ငံ တည်းအပေါ် အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းကို ခိုင်မာစွာ ထပ်လောင်းကန့်ကွက် ကြောင်းနှင့် မျှတမှုမရှိဘဲ လိုရာဆွဲရေးသားထားသည့် “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေ(A/HRC/53/52)” ခေါင်းစဉ်ပါ အစီရင်ခံစာကို ပယ်ချကြောင်း ဖော်ပြအပ်သည်။