New Updates
Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus
During the ASEAN Leaders' Meeting held at the ASEAN Secretariat in Jakarta, Indonesia on 24 April 2021, the ASEAN Leaders deliberated and provided recommendations on the developments in Myanmar. At the Meeting, Myanmar responded that (1) it noted that some suggestions by the ASEAN Member States were constructive and would be taken into consideration based on the internal situation of the state; (2) it would give careful consideration to those suggestions since priorities at the moment were...
အာဆီယံတူညီဆန္ဒ (၅) ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက (၁) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည်ကို မှတ်သားထားပါကြောင်း၊ နိုင်ငံ၏ပြည်တွင်းရေး အခြေအနေပေါ်မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ (၂) မြန်မာနိုင်ငံ၌...
Press Statement
The Republic of the Union of Myanmar successfully held a free and fair multiparty democratic general election between December 2025 and January 2026. Out of 24.23 million eligible voters nationwide, more than 13.13 million cast their votes according to their own free will. As a result, a new government led by the President elected by the Parliament, chosen by the people has now assumed the responsibilities of the State. In the 2020 general election, the then-ruling government committed severe...
သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာကျင်းပခဲ့ပါ သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒဿမ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး၊ ပြည်သူများက ရွေးချယ်ခဲ့သည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၀...
မဲခေါင်-လန်ချန်းရွှေရောင်ဆယ်စုနှစ်နှင့် မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး
MOFAမတ် 25, 2026 မဲခေါင်–လန်ချန်းရွှေရောင်ဆယ်စုနှစ်နှင့် မြန်မာ–တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လူသားတို့၏ ယဉ်ကျေးသော အဖွဲ့အစည်း သမိုင်းအစကို မြစ်ဝှမ်းဒေသကြီးများက ဖန်တီးပေးခဲ့သည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ ရှာဖွေစားသောက် နေထိုင်ခဲ့ကြသော ကမ္ဘာဦးလူသားတို့သည် စားရေရိက္ခာနှင့် သယ်ယူပို့ဆောင်သွားလာမှုလွယ်ကူသော မြစ်ဝှမ်းဒေသများတွင် အတည်တကျ အခြေချနေထိုင်လာကြရာမှ လူသားအချင်းချင်း သဟဇာတဖြစ်စေသော ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ဝှမ်းဒေသများတွင် လူသားနှင့်...
Golden Decade of Mekong-Lancang Cooperation and Myanmar-China “Pauk-Phaw” Friendship
MOFAMarch 25, 2026 Golden Decade of Mekong-Lancang Cooperation and Myanmar-China “Pauk-Phaw” Friendship Human civilization traces its origins to the great river basins, where early societies first took root and flourished. From a life of migration in search of greener pastures, early human communities gradually settled along river systems that offered both sustenance and connectivity. Over time, these settlements evolved into organized and harmonious societies, shaped by a dynamic balance and...
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုဖော်ပြသင့် (၁၁-၁၀-၂၀၂၄ ရက်)
(၁၁-၁၀-၂၀၂၄ ရက်၊ နေပြည်တော်) ဂျီနီဗာမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင်လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။...
လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
(၂၄-၉-၂၀၂၄ရက်၊ဂျီနီဗာမြို့) ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်း အဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို သက်ဆိုင်ရာနိုင်ငံ မပါဝင်ဘဲ ၂၄-၉-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။ လုပ်ပိုင်ခွင့်ပေးအပ်ထားခြင်းခံရသူများ တစ်နည်းအားဖြင့် အစီရင်ခံစာရေးသားပြုစုသူများ အနေဖြင့် အခြေခံမူများဖြစ်သည့် ဘက်မလိုက်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ဖြောင့်မတ်မှန်ကန်မှုတို့ကို...
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် (၉-၉-၂၀၂၄ ရက်)
(၉-၉-၂၀၂၄ ရက်၊ ဂျီနီဗာ) လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို ၉-၉-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။ IIMM ကို စတင်တည်ထောင်စဉ် ၂၀၁၉ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် ယင်းကို အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိပါ။ အဆိုပါ IIMM ၏ လုပ်ပိုင်ခွင့်ကို ဖန်တီးခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၃၉/၂ သည်လည်း တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုတစ်ခု...
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက် (၁၈-၇-၂၀၂၄ ရက်)
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံ အချို့က ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံ သံအမတ် Mr. Robert Wood က ၁၅-၇-၂၀၂၄ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ကျင်းပသည့် နေရာ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ် စွပ်စွဲ ချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော...
