New Updates

အခြေအမြစ်မရှိသည့် သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ်ထုတ်လွှင့်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့သည် ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် လုံခြုံရေးတပ်ဖွဲ့များက အရပ်သားပြည်သူများကို တိုက်ခိုက်နေသည့် ကိစ္စနှင့် အခြားစွပ်စွဲချက်များ ဖော်ပြပါရှိကြောင်း သိရှိရသည်။ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါသံရုံးများသို့ ဒီဇင်ဘာ ၂၆ ရက်တွင် သံတမန်စာပေးပို့ပြီး ၎င်းတို့ကြေညာချက်တွင် ပါရှိသည့် အချက်များသည်...

read more